Sunday, June 21, 2009

ခုနှစ်နံကျင့်စဉ်

ရတနာခုနှစ်ပါးနှင့် ပူဇော်ခြင်းငှာထိုက်တော်မူသော မြတ်စွာဘုရား။

တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၇)ရက်တိုင်တိုင် တစ်နေ့ (၇)ပတ်တိတိဖြင့်၊ ခုနှစ်နံအကျင့်မြတ်ကို၊ ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ်ဘုရား။

ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ (၇)ဆူကုန်သော ဘုရားရှင်တို့သည် ၄င်း၊ ဒေ၀ီခုနှစ်ပါးတို့သည်၎င်း၊ ထွက်ရာပေါက်ဆရာတော်နှင့် ဘိုးတော်တို့သည်၎င်း၊ နတ်မင်းကြီးလေးပါးနှင့်တကွ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုးတို့သည်၎င်း၊ တောစောင့် တောင်စောင့် မြို့စောင့် နယ်စောင့် သာသနာစောင့်တို့သည်၎င်း၊ အတွင်း (၃၇) မင်း၊ အပြင် (၃၇) မင်း တို့သည်၎င်း၊ သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။

ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။

လှူရန် -
ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးတိုင်၊ ယို၊ သစ်သီးတို့ကို တစ်မျိုးလျှင် ခုနှစ်ခု နေ့စဉ် ပုတီးမစိပ်ခင် လှူဒါန်းပါ။
နေ့စဉ်နေ့အလိုက်လှူရန်
၁။ တနင်္ဂနွေနေ့ အုန်း (၇) ညွန့်
၂။ တနင်္လာနေ့ ကြံ/ကံ့ကော် (၇) ညွန့်
၃။ အင်္ဂါနေ့ ဇွန်/ဇီး/ဇီဇ၀ါ (၇) ညွန့်
၎။ ဗုဒ္ဓဟူးနေ့ ရွက်လှ (၇) ညွန့်
၅။ ကြာသပတေးနေ့ ပေါက်/မေမြို့/ပေါက်ပန်းဖြူ (၇) ညွန့်
၆။ သောကြာနေ့ သီး/သီဟိုဠ် (၇) ညွန့်
၇။ စနေနေ့ ထန်း/ဒါန်း (၇) ညွန့်

ပွားနည်း - သောဘဂ၀ါ ဣတိပိ အရဟံ

မှတ်ချက် - ပုတီးစိတ်ပြီးလျှင် (၇)ရက်သား/သမီးများကို မေတ္တာ(၇)ခေါက်စီပို့ပါ။ အားလုံး (၄၉) ခေါက်။

သတ္တဌာနကျင့်စဉ်

ခုနှစ်ရက် ခုနှစ်ဌာန၌ အဓိဋ္ဌာန်ပြီးမြောက်အောင်မြင်ခြင်းသို့ ရောက်တော်မူသော မြတ်စွာဘုရား။

တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၇)ရက်တိုင်တိုင် တစ်နေ့ (၇)ပတ်တိတိဖြင့် သတ္တဌာနအကျင့်မြတ် ကို ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ်ဘုရား။ ဤသစ္စာ စကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ (၇)ဆူကုန်သော ဘုရားရှင်တို့သည်၎င်း၊ အဂ္ဂ သာဝက မဟာသာဝက ရဟန္တာအရှင်မြတ်တို့သည်၎င်း၊ ၀ိဇ္ဇာ ဇော်ဂျီ တပသီနှင့် သူရဿတီ စန္ဒီ စသော ဒေ၀ီ (၇)ပါး တို့သည်၎င်း၊ နတ်မင်းကြီးလေးပါးနှင့်တကွ (၂၄)ပါးသော နတ်စစ်သူကြီးတို့သည်၎င်း၊ နဂါးမင်းလေးပါးနှင့်တကွ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုးတို့သည် ၄င်း၊ မြို့စောင့်၊ နယ်စောင့်၊ တောစောင့်၊ တောင်စောင့်၊ သာသနာစောင့်တို့သည်၎င်း၊ အတွင်း (၃၇)မင်း၊ အပြင်(၃၇)မင်းတို့သည်၎င်း သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။

ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။

လှူရန်တောင်းနည်း
တပည့်တော် ( )နေ့သား/သမီးသည် ( )ဘုရားတွင် သတ္တဌာနအကျင့်မြတ်မှ ( )ဌာနကို လာရောက်ပွါးများမည်ဖြစ်ပါသောကြောင့် ယင်း( )ဘုရားတွင် စောင့်ရှောက်ကြကုန်သော ဒေ၀ါခပင်း နတ်တသင်းနှင့် သိုက်အုပ် သိုက်ချုပ် သိုက်နန်းရှင်အပေါင်းတို့မှ အကျွန်ုပ်ကို သင့်တော်ရာ လှူဖွယ်တစ်မျိုး အား ညွှန်ကြားပေးပါ။ အကျွန်ုပ်သည် အသင်တို့၏ကိုယ်စား ( )ဘုရားကို လှူဒါန်း ပူဇော်ပေးပါမည်။

မှတ်ချက်
ကိုယ်သွား၍ ပုတီးစိပ်မည့် ဘုရားသို့မသွားခင် ပထမနေ့၌ တစ်နေ့ (၃)ကြိမ် အဓိဋ္ဌာန် ပြောဆို၍ လှူဖွယ်တောင်းရမည်။

ပွါးနည်း
၁။ ပထမံ ဗောဓိ ပလ္လင်္ကံ ဗုဒ္ဓံ အဟံဝန္ဒာမိ
၂။ ဒုတိယံ အနိမိဿံ ဗုဒ္ဓံ အဟံဝန္ဒာမိ
၃။ တတိယံ စင်္ကမံ ဗုဒ္ဓံ အဟံဝန္ဒာမိ
၎။ စတုတ္ထံ ရတနာဃရံ ဗုဒ္ဓံ အဟံဝန္ဒာမိ
၅။ ပဉ္စမံ အဇပါလကံ ဗုဒ္ဓံ အဟံဝန္ဒာမိ
၆။ ဆဋ္ဌမံ မုဉ္ဇလိန္ဒံ ဗုဒ္ဓံ အဟံဝန္ဒာမိ
၇။ သတ္တမံ ရာဇရတနံ ဗုဒ္ဓံ အဟံဝန္ဒာမိ

ပဋ္ဌာန်းကျင့်စဉ်

ရတနာဃရ စတုတ္ထဌာန၌ ပဋ္ဌာန်းဒေသနာ ဟစ်ကြူး၍၊ ခြောက်ရောင်စုံ ကွန့်မြူးတော် မူသော မြတ်စွာဘုရား။
တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၉) ရက်တိုင်တိုင် တစ်နေ့ (၉)ပတ်တိတိဖြင့် ပဋ္ဌာန်းအကျင့်မြတ်ကို ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ်ဘုရား။
ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ နတ်၊ သိကြား၊ ဗြဟ္မာတို့သည်၎င်း၊ နတ်မင်းကြီးလေးပါးနှင့်တကွ၊ သာတာဂီရိ၊ ဟေမာဝတ၊ ပုဏ္ဏက ဂုတ္တိယ စသော (၂၄)ပါးသော နတ်စစ်သူကြီးတို့သည်၎င်း၊ ဘုမ္မစိုး ရုက္ခစိုး၊ အာကာသစိုးတို့သည်၎င်း၊ တောစောင့်၊ တောင်စောင့်၊ မြို့စောင့်၊ နယ်စောင့်၊ သာသနာစောင့်တို့သည်၎င်း၊ အတွင်း(၃၇)မင်း၊ အပြင် (၃၇)မင်းတို့သည်၎င်း၊ သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။
ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။

ပွါးနည်း
၁။ ဟေတုပစ္စယော
၂။ အာရမ္မဏပစ္စယော
၃။ အဓိပတိပစ္စယော
၎။ အနန္တရပစ္စယော
၅။ သမနန္တရပစ္စယော
၆။ သဟဇာတပစ္စယော
၇။ အညမညပစ္စယော
၈။ နိဿယပစ္စယော
၉။ ဥပနိဿယပစ္စယော
၁၀။ ပုရေဇာတပစ္စယော
၁၁။ ပစ္ဆာဇာတပစ္စယော
၁၂။ အာသေ၀နပစ္စယော
၁၃။ ကမ္မပစ္စယော
၁၄။ ၀ိပါကပစ္စယော
၁၅။ အာဟာရပစ္စယော
၁၆။ ဣန္ဒြိယပစ္စယော
၁၇။ ဈာနပစ္စယော
၁၈။ မဂ္ဂပစ္စယော
၁၉။ သမ္ပယုတ္တပစ္စယော
၂၀။ ၀ိပ္ပယုတ္တပစ္စယော
၂၁။ အတ္ထိပစ္စယော
၂၂။ နတ္ထိပစ္စယော
၂၃။ ၀ိဂတပစ္စယော
၂၄။ အ၀ိဂတပစ္စယော

သရဏဂုံကျင့်စဉ်

သတ္တ၀ါတို့၏ အားထားရာ မှီခိုရာ လဲလျောင်းရာ ဖြစ်တော်မူသော မြတ်စွာဘုရား။ တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၉)ရက်တိုင်တိုင် တစ်နေ့ (၉)ပတ်တိတိဖြင့် သရဏဂုံအကျင့်မြတ်ကို ပွါးများ အားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ်ဘုရား။ ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ ဘုရား ရဟန္တာ ပစ္စေကာနှင့် အဂ္ဂသာဝက မဟာသာဝက ရဟန္တာ အရှင်မြတ်တို့သည်၎င်း၊ ထွက်ရာပေါက်ဆရာတော်နှင့် ဘိုးတော်တို့သည်၎င်း၊ ၀ိဇ္ဇာဇော်ဂျီ တပသီနှင့် သူရဿတီ စန္ဒီစသော ဒေ၀ီအပေါင်းတို့သည်၎င်း၊ နတ်မင်းကြီးလေးပါး နှင့်တကွ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုးတို့သည်၎င်း၊ မြို့စောင့်၊ နယ်စောင့်၊ သာသနာစောင့် တို့သည်၎င်း၊ အတွင်း(၃၇)မင်း၊ အပြင်(၃၇)မင်း တို့သည်၎င်း သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။
ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။

ပွါးနည်း
၁။ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ (တစ်လုံးပွါးပါ)
၂။ ဓမ္မံသရဏံ ဂစ္ဆာမိ (တစ်လုံးပွါးပါ)
၃။ သံဃံသရဏံ ဂစ္ဆာမိ (တစ်လုံးပွါးပါ)

လှူရန်
၁။ တနင်္ဂနွေသား/သမီး အုန်း၊ ဇွန်၊ မေမြို့(၃) ညွန့်စီ
၂။ တနင်္လာသား/သမီး ကံ့ကော်၊ ရွက်လှ၊ သီး(၃) ညွန့်စီ
၃။ အင်္ဂါသား/သမီး ဇွန်၊ မေမြို့၊ ထန်း(၃) ညွန့်စီ
၎။ ဗုဒ္ဓဟူးသား/သမီး ရွက်လှ၊ သီး၊ အုန်း(၃) ညွန့်စီ
၅။ ကြာသပတေးသား/သမီး မေမြို့၊ ထန်း၊ ကံ့ကော်(၃) ညွန့်စီ
၆။ သောကြာသား/သမီး သီး၊ အုန်း၊ ဇွန်(၃) ညွန့်စီ
၇။ စနေသား/သမီး ထန်း၊ ကံ့ကော်၊ ရွက်လှ(၃) ညွန့်စီ

ပုတီးစိတ်နည်း

- ပုတီးစိတ်နည်း - နိဿရည်း - သီးခြားမှတ်ကြပါ၊

- ခြေလက်သုတ်သင် ရေသန့်စင်၊ ကျင့်စဉ်ပထမ၊

- ဆီမီးရေချမ်း၊ ပန်းလှူဒါန်း၊ တခန်းမြတ်ဒါန၊

- ဗုဒ္ဓပုံအင်၊ စိတ်မှာထင်၊ ဆိုစဉ်သြကာသ၊

- သီလဆောက်တည်၊ မေတ္တာရည်၊ ကြည်ရွှင်ပြပြ၊ ပက်ဖျန်းကြ၊

- ဆိုရိုးဓိဋ္ဌာန်၊ သစ္စာခံ၊ တင်ရန်စဉ်တိုင်းတည်း၊

- ပုတီးကိုလျှင်၊ ညှိုးမှာတင်၊ မနှင့် စိတ်ရ သတိချပ်၊

- လုံးရေပါတ်မှား၊ ပြန်၍ပွါး၊ ဇွဲကားမလျှော့ရ၊

- ပြုလေသမျှ၊ ဒါန သီလ ဘာဝနာ၊ ပေးဝေပါ၊ ရွှင်ကာပြပြ၊ ပြုလုပ်ကြ၊

- သိဒ္ဓိအစဉ်၊ စိတ်စွမ်းအင်၊ ရလျှင်ဝှက်ထား၊ ရတနာတစ်ပါး

- သစ္စာဝရဇိန်၊ ဥာဏ်နှင့်ထိန်၊ ဣနြေ္ဒရရ၊ ထိန်းထားကြ။