Sunday, June 21, 2009

သရဏဂုံကျင့်စဉ်

သတ္တ၀ါတို့၏ အားထားရာ မှီခိုရာ လဲလျောင်းရာ ဖြစ်တော်မူသော မြတ်စွာဘုရား။ တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၉)ရက်တိုင်တိုင် တစ်နေ့ (၉)ပတ်တိတိဖြင့် သရဏဂုံအကျင့်မြတ်ကို ပွါးများ အားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ်ဘုရား။ ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ ဘုရား ရဟန္တာ ပစ္စေကာနှင့် အဂ္ဂသာဝက မဟာသာဝက ရဟန္တာ အရှင်မြတ်တို့သည်၎င်း၊ ထွက်ရာပေါက်ဆရာတော်နှင့် ဘိုးတော်တို့သည်၎င်း၊ ၀ိဇ္ဇာဇော်ဂျီ တပသီနှင့် သူရဿတီ စန္ဒီစသော ဒေ၀ီအပေါင်းတို့သည်၎င်း၊ နတ်မင်းကြီးလေးပါး နှင့်တကွ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုးတို့သည်၎င်း၊ မြို့စောင့်၊ နယ်စောင့်၊ သာသနာစောင့် တို့သည်၎င်း၊ အတွင်း(၃၇)မင်း၊ အပြင်(၃၇)မင်း တို့သည်၎င်း သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။
ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။

ပွါးနည်း
၁။ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ (တစ်လုံးပွါးပါ)
၂။ ဓမ္မံသရဏံ ဂစ္ဆာမိ (တစ်လုံးပွါးပါ)
၃။ သံဃံသရဏံ ဂစ္ဆာမိ (တစ်လုံးပွါးပါ)

လှူရန်
၁။ တနင်္ဂနွေသား/သမီး အုန်း၊ ဇွန်၊ မေမြို့(၃) ညွန့်စီ
၂။ တနင်္လာသား/သမီး ကံ့ကော်၊ ရွက်လှ၊ သီး(၃) ညွန့်စီ
၃။ အင်္ဂါသား/သမီး ဇွန်၊ မေမြို့၊ ထန်း(၃) ညွန့်စီ
၎။ ဗုဒ္ဓဟူးသား/သမီး ရွက်လှ၊ သီး၊ အုန်း(၃) ညွန့်စီ
၅။ ကြာသပတေးသား/သမီး မေမြို့၊ ထန်း၊ ကံ့ကော်(၃) ညွန့်စီ
၆။ သောကြာသား/သမီး သီး၊ အုန်း၊ ဇွန်(၃) ညွန့်စီ
၇။ စနေသား/သမီး ထန်း၊ ကံ့ကော်၊ ရွက်လှ(၃) ညွန့်စီ

No comments:

Post a Comment