ရတနာဃရ စတုတ္ထဌာန၌ ပဋ္ဌာန်းဒေသနာ ဟစ်ကြူး၍၊ ခြောက်ရောင်စုံ ကွန့်မြူးတော် မူသော မြတ်စွာဘုရား။
တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၉) ရက်တိုင်တိုင် တစ်နေ့ (၉)ပတ်တိတိဖြင့် ပဋ္ဌာန်းအကျင့်မြတ်ကို ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ်ဘုရား။
ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ နတ်၊ သိကြား၊ ဗြဟ္မာတို့သည်၎င်း၊ နတ်မင်းကြီးလေးပါးနှင့်တကွ၊ သာတာဂီရိ၊ ဟေမာဝတ၊ ပုဏ္ဏက ဂုတ္တိယ စသော (၂၄)ပါးသော နတ်စစ်သူကြီးတို့သည်၎င်း၊ ဘုမ္မစိုး ရုက္ခစိုး၊ အာကာသစိုးတို့သည်၎င်း၊ တောစောင့်၊ တောင်စောင့်၊ မြို့စောင့်၊ နယ်စောင့်၊ သာသနာစောင့်တို့သည်၎င်း၊ အတွင်း(၃၇)မင်း၊ အပြင် (၃၇)မင်းတို့သည်၎င်း၊ သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။
ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။
ပွါးနည်း
၁။ ဟေတုပစ္စယော
၂။ အာရမ္မဏပစ္စယော
၃။ အဓိပတိပစ္စယော
၎။ အနန္တရပစ္စယော
၅။ သမနန္တရပစ္စယော
၆။ သဟဇာတပစ္စယော
၇။ အညမညပစ္စယော
၈။ နိဿယပစ္စယော
၉။ ဥပနိဿယပစ္စယော
၁၀။ ပုရေဇာတပစ္စယော
၁၁။ ပစ္ဆာဇာတပစ္စယော
၁၂။ အာသေ၀နပစ္စယော
၁၃။ ကမ္မပစ္စယော
၁၄။ ၀ိပါကပစ္စယော
၁၅။ အာဟာရပစ္စယော
၁၆။ ဣန္ဒြိယပစ္စယော
၁၇။ ဈာနပစ္စယော
၁၈။ မဂ္ဂပစ္စယော
၁၉။ သမ္ပယုတ္တပစ္စယော
၂၀။ ၀ိပ္ပယုတ္တပစ္စယော
၂၁။ အတ္ထိပစ္စယော
၂၂။ နတ္ထိပစ္စယော
၂၃။ ၀ိဂတပစ္စယော
၂၄။ အ၀ိဂတပစ္စယော
Sunday, June 21, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment