- ပုတီးစိတ်နည်း - နိဿရည်း - သီးခြားမှတ်ကြပါ၊
- ခြေလက်သုတ်သင် ရေသန့်စင်၊ ကျင့်စဉ်ပထမ၊
- ဆီမီးရေချမ်း၊ ပန်းလှူဒါန်း၊ တခန်းမြတ်ဒါန၊
- ဗုဒ္ဓပုံအင်၊ စိတ်မှာထင်၊ ဆိုစဉ်သြကာသ၊
- သီလဆောက်တည်၊ မေတ္တာရည်၊ ကြည်ရွှင်ပြပြ၊ ပက်ဖျန်းကြ၊
- ဆိုရိုးဓိဋ္ဌာန်၊ သစ္စာခံ၊ တင်ရန်စဉ်တိုင်းတည်း၊
- ပုတီးကိုလျှင်၊ ညှိုးမှာတင်၊ မနှင့် စိတ်ရ သတိချပ်၊
- လုံးရေပါတ်မှား၊ ပြန်၍ပွါး၊ ဇွဲကားမလျှော့ရ၊
- ပြုလေသမျှ၊ ဒါန သီလ ဘာဝနာ၊ ပေးဝေပါ၊ ရွှင်ကာပြပြ၊ ပြုလုပ်ကြ၊
- သိဒ္ဓိအစဉ်၊ စိတ်စွမ်းအင်၊ ရလျှင်ဝှက်ထား၊ ရတနာတစ်ပါး
- သစ္စာဝရဇိန်၊ ဥာဏ်နှင့်ထိန်၊ ဣနြေ္ဒရရ၊ ထိန်းထားကြ။
No comments:
Post a Comment