Wednesday, July 8, 2009

ကပ်ကျော် ကျင့်စဉ်

ရန်မျိုးဥဿုံ အလုံးစုံကို ကြွင်းကျန်မရှိ အပြီးတိုင်အောင် အောင်မြင်တော်မူသော မြတ်စွာ ဘုရား။ အရှင်မြတ်ဘုရား တပည့်တော် တပည့်တော်မ ( )နေ့သား/သမီးသည် ( - - ) နေ့မှစ၍ ကိုးရက်တိုင်တိုင် တစ်နေ့လျှင် ပုတီးပတ် ( )ပတ် တိတိဖြင့် ကပ်ကျော်အကျင့်မြတ် ပဋိပတ်ကို ကျင့်ကြံပွားများ အားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ် ပါသည် အရှင်မြတ်ဘုရား။

ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာစကားအရာ၌ သိကြားမင်း၊ ဗြဟ္မာမင်း၊ ဓဋ္ဌရဋ္ဌ ၀ိရူဠက ၀ိရူပေက္ခ ကုဝေရ နတ်မင်းကြီးလေးပါးတို့သည်၎င်း၊ ဆဗျာပုတ္တ ကဏှာဂေါတမ စသည့်အပြား နတ်နဂါးမင်းကြီးတို့သည်၎င်း၊ သာတာဂီရိ ဟေမာဝတ ပုဏ္ဏက ဂုတ္တိယ အစရှိသော နတ်စစ်သူကြီးတို့သည်၎င်း၊ ပထ၀ီနတ် တေဇောနတ် အာပေါနတ် ၀ါယောနတ် တို့သည်၎င်း၊ ၀ိဇ္ဇာ ဇော်ဂျီ တပဿီနှင့် သူရဿတီ စန္ဒီစသား ဒေ၀ီအများတို့သည်၎င်း၊ မြို့စောင့် နယ်စောင့် သာသနာစောင့် နတ်မင်းအပေါင်းတို့သည်၎င်း၊ အာကာသဇိုး ဘုမ္မစိုး ရုက္ခစိုး တို့သည်၎င်း၊ နဂါး ဂဠုန် ကုမ္ဘာန် ယက္ခ ဂန္ဓပ္ပတို့သည်၎င်း၊ ဘ၀ဆက် ပဋ္ဌာန်းဆက် သိုက်ဆက် ဓာတ်ဆက် နတ်ဆက်တို့သည်၎င်း၊ အတွင်း(၃၇)မင်း အပြင်(၃၇)မင်းတို့သည်၎င်း၊ ရွှေပေါက်ပင် ဘိုးဘိုး၊ မြသိန်းတန်ဒေ၀ီတို့သည်၎င်း သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။

ဤသစ္စာအဓိဋ္ဌာန် မကျိုးမပေါက်ခဲ့သော် (လိုသောဆု)နှင့် ပြည့်စုံရပါစေသား အရှင်မြတ် ဘုရား။

ပွားရန်

န.မော.တ.ဿ.ဘ.ဂ.၀.တော.အ.ရ.ဟ.တော.သ.မ္မာ.သ.မ္ဗု.ဒ္ဓ.ဿ

ဝ.မ္မာ.တ.ရ.ဒ္ခ.ဂ.သ.မော.အ.မ္ဗု.ဘ.တော.န.တော.သ.ဿ.ဟ.ဿ

သ.တော.တ.မ္ဗု.ဟ.ဂ.န.မ္မာ.အ.ဿ.ဒ္ဓ.တော.၀.မော.သ.ရ.ဘ.ဿ

န.မော.တ.ဿ.ဘ.ဂ.၀.တော.အ.ရ.ဟ.တော.သ.မ္မာ.သ.မ္ဗု.ဒ္ဓ.ဿ

ဿ.ဒ္ဓ.မ္ဗု.သ.မ္မာ.သ.တော.ဟ.ရ.အ.တော.၀.ဂ.ဘ.ဿ.တ.မော.န

န.မော.တ.ဿ.ဘ.ဂ.၀.တော.အ.ရ.ဟ.တော.သ.မ္မာ.သ.မ္ဗု.ဒ္ဓ.ဿ

မှတ်ချက်

ဤအဓိဋ္ဌာန်ပုတီးစိတ်ကို တစ်ပါးသူတို့အား ထိခိုက်နစ်နာလိုသောစိတ်၊ ပြစ်မှားလိုသော စိတ်တို့ဖြင့် လုံးဝမစိတ်ရ။ ကပ်ကြီးသုံးပါးအား ကျော်စေရန်အတွက် ရည်မှန်းပြီး မိမိ၏မွေးနေ့ မှစ၍ အသက်စေ့ပုတီးစိတ်ပါ။

စာမေးပွဲအောင် ကျင့်စဉ်

သတ္တ၀ါတို့၏ အားထားမှီခိုရာ လဲလျောင်းရာဖြစ်တော်မူသော မြတ်စွာဘုရား။

တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ တစ်နေ့လျှင် (၈)ပတ်တိတိဖြင့် (၉)ရက်တိုင်တိုင် သရဏဂုံ အကျင့်မြတ် နှင့် ၀ိဇ္ဇာအကျင့်မြတ်ကို ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ် ဘုရား။

ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ ဘုရား၊ ရဟန္တာ၊ ပစ္စေကာနှင့် အဂ္ဂသာဝက၊ မဟာသာဝက၊ ရဟန္တာအရှင်မြတ်တို့သည်၎င်း၊ ထွက်ရပ်ပေါက်ဆရာတော်နှင့် ဘိုးတော်တို့သည်၎င်း၊ ၀ိဇ္ဇာဇော်ဂျီ တပသီနှင့် သူရဿတီ စန္ဒီစသော ဒေ၀ီအပေါင်းတို့သည် ၄င်း၊ နတ်မင်းကြီးလေးပါးနှင့်တကွ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုးတို့သည်၎င်း၊ မြို့စောင့် နယ်စောင့် သာသနာစောင့်တို့သည်၎င်း၊ အတွင်း(၃၇)မင်း အပြင်(၃၄)မင်းတို့သည်၎င်း သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။

ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။

ပွါးနည်း

၁။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ (တစ်လုံးပွါးပါ။)

၂။ ဓမ္မံ သရဏံ ဂစ္ဆာမိ (တစ်လုံးပွါးပါ။)

၃။ သံဃံ သရဏံ ဂစ္ဆာမိ (တစ်လုံးပွါးပါ။)

ဥုံ – ပု – ဒိ – အာ – ၀ိ – ဝေ – မ – ဒိ – ဣ

« တစ်ပုဒ်တစ်လုံး (၉) လုံးပွါးပါ။ »

မှတ်ချက်

သရဏဂုံ (၃) ပတ်၊ ၀ိဇ္ဇာ (၅) ပတ်ပွါးပါ။

ဒွတ္တိံသမဟာပုရိသလက္ခဏာ ကျင့်စဉ်

သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ ( )ရက်တိုင်တိုင် တစ်နေ့ ( )ပတ်တိတိဖြင့် ဒွတ္တိံသ မဟာ ပုရိသလက္ခဏာအကျင့်မြတ်ကို ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ်ဘုရား။

ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ ၀ိဇ္ဇာဇော်ဂျီ တပသီနှင့် သူရဿတီ စန္ဒီစသော ဒေ၀ီအပေါင်းတို့သည်၎င်း၊ နတ်မင်းကြီးလေးပါးနှင့်တကွ သာတာဂီရိ၊ ဟေမာဝတ၊ ပုဏ္ဏက၊ ဂုတ္တိယစသော (၂၄)ပါးသော နတ်စစ်သူကြီးတို့သည်၎င်း၊ တောစောင့် တောင်စောင့် မြို့စောင့် နယ်စောင့် သာသနာစောင့်တို့သည်၎င်း၊ ဘုမ္မစိုး ရုက္ခစိုး အာကာသစိုးတို့သည်၎င်း၊ အတွင်း(၃၇)မင်း၊ အပြင်(၃၇)မင်းတို့သည်၎င်း၊ ဘ၀ဆက် ပဋ္ဌာန်းဆက် သိုက်ဆက်တို့သည် ၄င်း သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။

ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။

ပွါးနည်း


၁။ သုပ္ပတိဋ္ဌိတ ပါဒလက္ခဏံ သိရသာဝန္ဒာမိ

၂။ ပါဒတလ စက္ကလက္ခဏံ သိရသာဝန္ဒာမိ

၃။ အာယတ ပဏှိလက္ခဏံ သိရသာဝန္ဒာမိ

၎။ ဒီဃဂုၤလိ လကၡဏံ သိရသာ၀ႏၵာမိ

၅။ ဗြဟ္မုဇုဂတ္တ လက္ခဏံ သိရသာဝန္ဒာမိ

၆။ သတ္ထုဿဒ လက္ခဏံ သိရသာဝန္ဒာမိ

၇။ မုဒုတလုနဟတ္ထပါဒ လက္ခဏံ သိရသာဝန္ဒာမိ

၈။ ဇာလ ဟတ္ထပါဒ လက္ခဏံ သိရသာဝန္ဒာမိ

၉။ ဥဿင်္ခပါဒ လက္ခဏံ သိရသာဝန္ဒာမိ

၁၀။ ဥဒ္ဓဂ္ဂလောမ လက္ခဏံ သိရသာဝန္ဒာမိ

၁၁။ ဧဏီဇင်္ဂ လက္ခဏံ သိရသာဝန္ဒာမိ

၁၂။ သုခုမစ္ဆ၀ိ လက္ခဏံ သိရသာဝန္ဒာမိ

၁၃။ သုဝဏ္ဏာ ၀ဏ္ဏ လက္ခဏံ သိရသာဝန္ဒာမိ

၁၄။ ကောသောဟိတ၀တ္ထဂုယှလက္ခဏံ သိရသာဝန္ဒာမိ

၁၅။ နိရောဓ ပရိမဏ္ဍလ လက္ခဏံ သိရသာဝန္ဒာမိ

၁၆။ အနောနမန္တော ဥဘောဟိ ပါဏိတလေဟိ

ဇဏ္ဏုကပရိမသန လက္ခဏံ သိရသာဝန္ဒာမိ

၁၇။ သီဟပုဗ္ဗဒ္ဓကာယ လက္ခဏံ သိရသာဝန္ဒာမိ

၁၈။ စိဟန္တရံသ လက္ခဏံ သိရသာဝန္ဒာမိ

၁၉။ သမ၀ဋ္ဋက္ခန္ဓ လက္ခဏံ သိရသာဝန္ဒာမိ

၂၀။ ရသဂ္ဂသဂ္ဂီ လက္ခဏံ သိရသာဝန္ဒာမိ

၂၁။ အဘိနီလ နေတ္တ လက္ခဏံ သိရသာဝန္ဒာမိ

၂၂။ ဂေါပခုမ လက္ခဏံ သိရသာဝန္ဒာမိ

၂၃။ ဥဏှီသသီသ လက္ခဏံ သိရသာဝန္ဒာမိ

၂၄။ ဧကေကလောမ လက္ခဏံ သိရသာဝန္ဒာမိ

၂၅။ ဘမုကန္တရေဇာတာဥက္ကာ လက္ခဏံ သိရသာဝန္ဒာမိ

၂၆။ စတ္တာလီသဒန္တ လက္ခဏံ သိရသာဝန္ဒာမိ

၂၇။ အ၀ိရုဠှဒန္တ လက္ခဏံ သိရသာဝန္ဒာမိ

၂၈။ ပဟူတဇိဝှ လက္ခဏံ သိရသာဝန္ဒာမိ

၂၉။ ဗြဟ္မဿရ လက္ခဏံ သိရသာဝန္ဒာမိ

၃၀။ သီဟ ဟနု လက္ခဏံ သိရသာဝန္ဒာမိ

၃၁။ သမဒန္တ လက္ခဏံ သိရသာဝန္ဒာမိ

၃၂။ သုသုက္ကဒါဌ လက္ခဏံ သိရသာဝန္ဒာမိ

၃၃။ ဗုဒ္ဓါနံ စတုန္နံ ပစ္စယာနံ နသက္ကာကေနစိအန္တရာယောကာတုံ တထာမေဟောတု

၃၄။ ဗုဒ္ဓါနံ အသီတိယာ အနုဗျÍ္ဇနာနံ ဗျာမပ္ပဘာယ၀ါ နသက္ကာကေနစိအန္တရာယောကာတုံ တထာမေဟောတု

၃၅။ ဗုဒ္ဓါနံ ဇီဝိတဿ နသက္ကာကေနစိအန္တရာယောကာတုံ တထာမေဟောတု

၃၆။ ဗုဒ္ဓါနံ သဗ္ဗညုတဥာဏဿ နသက္ကာကေနစိအန္တရာယောကာတုံ တထာမေဟောတု

မှတ်ချက်

တစ်နေ့ (၁)ပတ်စိပ်ပါ။ အဓိဋ္ဌာန်ရက်မှာ အကန့်အသတ်မရှိ မိမိနှစ်သက်သလို ၀င်နိုင် သည်။

အာဏာပါဏာနုဿတိ ကျင့်စဉ်

အာဏာပါနကမ္မဋ္ဌာန်းကို စတုတ္ထဈာန်တိုင်အောင် ၀င်စားလေ့ရှိတော်မူသော မြတ်စွာ ဘုရား။

တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၉)ရက်တိုင်တိုင် တစ်နေ့(၉)ပတ်တိဖြင့် အာဏာပါန နုဿတိ အကျင့်မြတ်ကို ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ်ဘုရား။

ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ ဘုရား ရဟန္တာ ပစ္စေကာနှင့် အဂ္ဂ သာဝက၊ မဟာသာဝက ရဟန္တာ အရှင်မြတ်တို့သည်၎င်း၊ ရှင်သီဝလိ၊ ရှင်ဥပဂုတ္တ ရဟန္တာ အရှင်မြတ်တို့သည်၎င်း၊ ထွက်ရာပေါက်ဆရာတော်နှင့် ဘိုးတော်တို့သည်၎င်း၊ ၀ိဇ္ဇာဇော်ဂျီ တပသီနှင့် သူရဿတီစသော ဒေ၀ီအပေါင်းတို့သည်၎င်း၊ နတ်မင်းကြီးလေးပါးနှင့်တကွ (၂၄) ပါးသော နတ်စစ်သူကြီးတို့သည်၎င်း၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုးတို့သည်၎င်း၊ တောစောင့် တောင်စောင့် မြို့စောင့် နယ်စောင့် သာသနာစောင့်တို့သည်၎င်း သက်သေအရာတည်ပါစေ သားအရှင်မြတ်ဘုရား။

ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။

ပွါးနည်း

ဝင်လေ ထွက်လေကို ပုတီးတစ်လုံးစိပ်ပါ။

ကာယဂတာ နုဿတိကျင့်စဉ်

ဤကိုယ်ကာယ တစ်လံမျှ၌ စက်ဆုပ်ဖွယ်ရာ အဖြာဖြာကို မကွယ်မထောက် မျက်မှောက် ထင်ထင်။ ဥာဏ်ရှင်လာအောင်၊ ထုတ်ဆောင်ဟောကြား ရှင်တော်မြတ်ဘုရား။

တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၉)ရက်တိုင်တိုင် တစ်နေ့(၉)ပတ်တိတိဖြင့် ကာယဂတာနုဿတိ အကျင့်မြတ်ကို ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ်ဘုရား။

ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ ဘုရားရဟန္တာ ပစ္စေကာနှင့် အဂ္ဂသာဝက မဟာသာဝက ရဟန္တာအရှင်မြတ်တို့သည်၎င်း၊ ဘုမ္မစိုး ရုက္ခစိုး အာကာသစိုး တို့သည်၎င်း၊ တောစောင့် တောင်စောင့် မြို့စောင့် နယ်စောင့် သာသနာစောင့်တို့သည်၎င်း အတွင်း(၃၇)မင်း၊ အပြင်(၃၇)မင်းတို့သည်၎င်း သက်သေအရာတည်ပါစေသား အရှင်မြတ် ဘုရား။

ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။

ပွါးနည်း

ဤတစ်လံမျှသော ခန္ဓာကိုယ်၌ -

၁။ ဆံပင် အနိစ္စ ဒုက္ခ အနတ္တ

၂။ မွှေးညှင်း အနိစ္စ ဒုက္ခ အနတ္တ

၃။ ခြေသည်း/လက်သည်း အနိစ္စ ဒုက္ခ အနတ္တ

၎။ သွား အနိစ္စ ဒုက္ခ အနတ္တ

၅။ အရေ အနိစ္စ ဒုက္ခ အနတ္တ

၆။ အသား အနိစ္စ ဒုက္ခ အနတ္တ

၇။ အကြော အနိစ္စ ဒုက္ခ အနတ္တ

၈။ အရိုး အနိစ္စ ဒုက္ခ အနတ္တ

၉။ ရိုးတွင်းချဉ်ဆီ အနိစ္စ ဒုက္ခ အနတ္တ

၁၀။ အညှို အနိစ္စ ဒုက္ခ အနတ္တ

၁၁။ နှလုံး အနိစ္စ ဒုက္ခ အနတ္တ

၁၂။ အသည်း အနိစ္စ ဒုက္ခ အနတ္တ

၁၃။ အမှေး အနိစ္စ ဒုက္ခ အနတ္တ

၁၄။ အဖျဉ်း အနိစ္စ ဒုက္ခ အနတ္တ

၁၅။ အဆုပ် အနိစ္စ ဒုက္ခ အနတ္တ

၁၆။ အူမ အနိစ္စ ဒုက္ခ အနတ္တ

၁၇။ အူသိမ် အနိစ္စ ဒုက္ခ အနတ္တ

၁၈။ အစာသစ် အနိစ္စ ဒုက္ခ အနတ္တ

၁၉။ အစာဟောင်း အနိစ္စ ဒုက္ခ အနတ္တ

၂၀။ ဥဏှောက် အနိစ္စ ဒုက္ခ အနတ္တ

၂၁။ သည်းခြေ အနိစ္စ ဒုက္ခ အနတ္တ

၂၂။ သလိပ် အနိစ္စ ဒုက္ခ အနတ္တ

၂၃။ ပြည် အနိစ္စ ဒုက္ခ အနတ္တ

၂၄။ သွေး အနိစ္စ ဒုက္ခ အနတ္တ

၂၅။ ချွေး အနိစ္စ ဒုက္ခ အနတ္တ

၂၆။ အဆီခဲ အနိစ္စ ဒုက္ခ အနတ္တ

၂၇။ အဆီကြည် အနိစ္စ ဒုက္ခ အနတ္တ

၂၈။ မျက်ရည် အနိစ္စ ဒုက္ခ အနတ္တ

၂၉။ တံတွေး အနိစ္စ ဒုက္ခ အနတ္တ

၃၀။ နှပ် အနိစ္စ ဒုက္ခ အနတ္တ

၃၁။ အစေး အနိစ္စ ဒုက္ခ အနတ္တ

၃၂။ ကျင်ငယ် အနိစ္စ ဒုက္ခ အနတ္တ


၁။ ပထ၀ီဓာတု အနိစ္စ ဒုက္ခ အနတ္တ

၂။ အာပေါဓာတု အနိစ္စ ဒုက္ခ အနတ္တ

၃။ တေဇောဓာတု အနိစ္စ ဒုက္ခ အနတ္တ

၎။ ၀ါယောဓာတု အနိစ္စ ဒုက္ခ အနတ္တ

မရဏာနုဿတိ

မရဏရန်ဘေး မကြောက်ဆွေးအောင် တိုက်ကျွေးဓမ္မ ဟောလေ့ရှိတော်မူသော မြတ်စွာ ဘုရား။

တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၉)ရက်တိုင်တိုင် တစ်နေ့ (၉)ပတ်တိတိဖြင့် မရဏာနုဿတိ အကျင့်မြတ်ကို ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန် ပြုအပ်ပါသည် အရှင်မြတ်ဘုရား။

ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ ဘုရားရဟန္တာပစ္စေကာနှင့် အဂ္ဂ သာဝက၊ မဟာသာဝက ရဟန္တာအရှင်မြတ်တို့သည်၎င်း၊ ထွက်ရာပေါက်ဆရာတော်နှင့် ဘိုးတော်တို့သည်၎င်း၊ ၀ိဇ္ဇာဇော်ဂျီ တပသီနှင့် သူရဿတီ စန္ဒီစသော ဒေ၀ီအပေါင်းတို့သည် ၄င်း၊ ဓတရဋ္ဌ ၀ိရူဠှက ၀ိရူပေက္ခ ကုဝေရဟု ဆိုအပ်ကုန်သော နတ်မင်းကြီးလေးပါးတို့သည် ၄င်း၊ သာတာဂီရိ၊ ဟေမာဝတ၊ ပုဏ္ဏက၊ ဂုတ္တိယ အစရှိသော (၂၄)ပါးသော နတ်စစ်သူကြီး တို့သည်၎င်း၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုးတို့သည်၎င်း၊ မြို့စောင့်၊ နယ်စောင့်၊ သာသနာ စောင့်တို့သည်၎င်း သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။

ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။

ပွါးနည်း

မရဏံမေ ဘ၀ိဿတိ (ပုတီးတစ်လုံးချ)

ဥပသမာနုဿတိ

အေးငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့ ပို့ဆောင်တော်မူသော မြတ်စွာဘုရား။

တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၉)ရက်တိုင်တိုင် တစ်နေ့(၉)ပတ်တိတိဖြင့် ဥပသမာနုဿတိ အကျင့်မြတ်ကို ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန် ပြုအပ်ပါသည် အရှင်မြတ်ဘုရား။

ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ ဘုရားရဟန္တာ ပစ္စေကာနှင့် အဂ္ဂ သာဝက၊ မဟာသာဝက၊ ရဟန္တာအရှင်မြတ်တို့သည်၎င်း၊ ရှင်သီဝလိ ရှင်ဥပဂုတ္တရဟန္တာ အရှင်မြတ်တို့သည်၎င်း၊ ထွက်ရာပေါက် ဆရာတော်နှင့် ဘိုးတော်တို့သည်၎င်း၊ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ၊ မန္တာန်ဝိဇ္ဇာ၊ ၀ိဇ္ဇာရှစ်သောင်း ဆရာအပေါင်းတို့သည်၎င်း၊ ဓတရဋ္ဌ၊ ၀ိရူဠှက၊ ၀ိရူပေက္ခ၊ ကုဝေရဟု ဆိုအပ်ကုန်သော နတ်မင်းကြီးလေးပါးတို့သည်၎င်း၊ သာတာဂီရိ၊ ဟေမာဝတ၊ ပုဏ္ဏက၊ ဂုတ္တိယဟုဆိုအပ်ကုန်သော အရှေ့အရပ်စောင့်ကြပ် နတ်မင်းကြီးတို့သည် ၄င်း၊ ကာဠ၊ ဥပကာလ၊ ဗိမ္ဗ၊ ဗိမ္ဗသေနဟုဆိုအပ်ကုန်သော အနောက်အရပ်စောင့်ကြပ် နတ်မင်းကြီးတို့သည်၎င်း၊ ဟရီရ၊ ဟရဟရီရ၊ ပါပ၊ ပိင်္ဂလဟုဆိုအပ်ကုန်သော တောင်အရပ် စောင့်ကြပ်နတ်မင်းကြီးတို့သည်၎င်း၊ သံဃ၊ သံဃုဋိမ၊ သုသူရ၊ ဥဂ္ဂနေဇဟု ဆိုအပ်ကုန်သော မြောက်အရပ်စောင့်ကြပ် နတ်မင်းကြီးတို့သည်၎င်း၊ ဓရဋ္ဌ၊ ဓတရဋ္ဌ၊ သေဋ္ဌ၊ ကမ္ဗလဟုဆိုအပ် ကုန်သော အောက်အရပ်စောင့်ကြပ် နတ်မင်းကြီးတို့သည်၎င်း၊ စန္ဒသူရိယ သိကြား ဗြဟ္မာဟု ဆိုအပ်ကုန်သော အထက်အရပ် စောင့်ကြပ်နတ်မင်းကြီးတို့သည်၎င်း၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုးတို့သည်၎င်း၊ တောစောင့်၊ တောင်စောင့်၊ မြို့စောင့်၊ နယ်စောင့်၊ သာသနာစောင့် တို့သည်၎င်း၊ အတွင်း(၃၇)မင်း၊ အပြင်(၃၇)မင်းတို့သည်၎င်း ဘ၀ဆက်ပဋ္ဌာန်းဆက် သိုက်ဆက် တို့သည်၎င်း၊ သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။

ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။