Wednesday, July 8, 2009

နတ်မင်းကြီးလေးပါး ကျင့်စဉ်

နတ်မင်းကြီးလေးပါးတို့၏ ပူဇော်ခြင်းငှာ ထိုက်တော်မူသော မြတ်စွာဘုရား။

တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၈)ရက်တိုင်တိုင် တစ်နေ့ (၈)ပတ်တိတိဖြင့် နတ်မင်းကြီးလေးပါး အကျင့်မြတ်ကို ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ်ဘုရား။

ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ နတ်မင်းကြီးလေးပါးနှင့်တကွ ၀ိဇ္ဇာဇော်ဂျီ တပဿီနှင့် သူရဿတီ စန္ဒီစသော ဒေ၀ီအပေါင်းတို့သည်၎င်း၊ (၂၄)ပါးသော နတ်စစ်သူကြီးတို့နှင့်တကွ လနတ်သား၊ နေနတ်သား၊ သိကြား၊ ဗြဟ္မာတို့သည်၎င်း၊ ဘုမ္မစိုး ရုက္ခစိုး အာကာသစိုးတို့သည်၎င်း၊ တောစောင့် တောင်စောင့် မြို့စောင့် နယ်စောင့် သာသနာ စောင့်တို့သည်၎င်း၊ ဘ၀ဆက် ပဋ္ဌာန်းဆက်တို့သည်၎င်း၊ အတွင်း(၃၇)မင်း၊ အပြင်(၃၇)မင်းတို့ သည်၎င်း၊ သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။

ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။

ပွါးနည်း

၁။ နမောတဿ (တစ်လုံး)

၂။ နမောဘဂ၀တော (တစ်လုံး)

၃။ နမောအရဟတော (တစ်လုံး)

၎။ နမောသမ္မာသမ္ဗုဒ္ဓဿ (တစ်လုံး)

No comments:

Post a Comment