ဒါနပါရမီ အရှိန်အဟုန်၊ စွန့်ခြင်းအကုန်၊ ဖြည့်ကျင့်တော်မူသော မြတ်စွာဘုရား။
တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၉)ရက်တိုင်တိုင် တစ်နေ့ (၉)ပတ်တိတိဖြင့် စာဂါနုဿတိ အကျင့်မြတ်ကို ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ်ဘုရား။
ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ ဘုရားရဟန္တာ ပစ္စေကာနှင့် အဂ္ဂ သာဝက မဟာသာဝက ရဟန္တာအရှင်မြတ်တို့သည်၎င်း၊ ရှင်သီဝလိ ရှင်ဥပဂုတ္တရဟန္တာ အရှင်မြတ်တို့သည်၎င်း၊ ထွက်ရာပေါက်ဆရာတော်နှင့် ဘိုးတော်တို့သည်၎င်း၊ ၀ိဇ္ဇာဇော်ဂျီ တပသီနှင့် သူရဿတီစန္ဒီစသော ဒေ၀ီအပေါင်းတို့သည်၎င်း၊ နတ်မင်းကြီးလေးပါးနှင့်တကွ (၂၄)ပါးသော နတ်စစ်သူကြီးတို့သည်၎င်း၊ ဘုမ္မစိုး ရုက္ခစိုး အာကာသစိုးတို့သည်၎င်း၊ တောစောင့် တောင်စောင့် မြို့စောင့် နယ်စောင့် သာသနာစောင့် တို့သည်၎င်း၊ အတွင်း(၃၇) မင်း အပြင်(၃၇)မင်းတို့သည်၎င်း၊ ဘ၀ဆက်ပဋ္ဌာန်းဆက်တို့သည်၎င်း၊ သက်သေအရာတည်ပါ စေသားအရှင်မြတ်ဘုရား။
ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။
ပွါးနည်း
၁။ ဟိုတုန်းကလည်း လှူခဲ့ပြီးပြီ။ (တစ်လုံး)
၂။ ယခုလည်းလှူဆဲ။ (တစ်လုံး)
၃။ နောင်လည်းလှူရပါလိမ့်ဦးမည်။ (တစ်လုံး)
Wednesday, July 8, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment