မရဏရန်ဘေး မကြောက်ဆွေးအောင် တိုက်ကျွေးဓမ္မ ဟောလေ့ရှိတော်မူသော မြတ်စွာ ဘုရား။
တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၉)ရက်တိုင်တိုင် တစ်နေ့ (၉)ပတ်တိတိဖြင့် မရဏာနုဿတိ အကျင့်မြတ်ကို ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန် ပြုအပ်ပါသည် အရှင်မြတ်ဘုရား။
ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ ဘုရားရဟန္တာပစ္စေကာနှင့် အဂ္ဂ သာဝက၊ မဟာသာဝက ရဟန္တာအရှင်မြတ်တို့သည်၎င်း၊ ထွက်ရာပေါက်ဆရာတော်နှင့် ဘိုးတော်တို့သည်၎င်း၊ ၀ိဇ္ဇာဇော်ဂျီ တပသီနှင့် သူရဿတီ စန္ဒီစသော ဒေ၀ီအပေါင်းတို့သည် ၄င်း၊ ဓတရဋ္ဌ ၀ိရူဠှက ၀ိရူပေက္ခ ကုဝေရဟု ဆိုအပ်ကုန်သော နတ်မင်းကြီးလေးပါးတို့သည် ၄င်း၊ သာတာဂီရိ၊ ဟေမာဝတ၊ ပုဏ္ဏက၊ ဂုတ္တိယ အစရှိသော (၂၄)ပါးသော နတ်စစ်သူကြီး တို့သည်၎င်း၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုးတို့သည်၎င်း၊ မြို့စောင့်၊ နယ်စောင့်၊ သာသနာ စောင့်တို့သည်၎င်း သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။
ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။
ပွါးနည်း
မရဏံမေ ဘ၀ိဿတိ (ပုတီးတစ်လုံးချ)
Wednesday, July 8, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment