ဂဏာပတိ ဂဏုတ္တမ သံဃဥက္ကဋ္ဌ ဓမ္မရာဇ်မှန်ကူ သယမ္ဗူထွဋ်ထား ရှင်တော်မြတ်ဘုရား။
တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၁၀)ရက်တိုင်တိုင်၊ အရှင်ဘုရား၏ တပည့်သာဝကတို့တွင် လာဘ် အရာ၌ ဧတဒဂ်ရရှိတော်မူသော ရှင်သီဝလိမထေရ်မြတ်၏ ဂုဏ်တော်ကျေးဇူး၊ ချီးကျူးဖွယ်ရာ အဖြာဖြာတို့ကို သီဆိုကျူးရင့်ခြင်း၊ ဆွမ်းဘောဇဉ် ချိုချဉ်ရသာအဖြာဖြာတို့ကို ဆက်ကပ်လှူဒါန်း ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ်ဘုရား။
ကိလေသာအမှောင်ရန်ကို အောင်၍ တန်ဆောင်းဆီမီး ပညာကြီးလာ လာဘ်ကြီး ပေါကြွယ်၊ လူငယ်ဘုန်းကြီး၊ တန်ခိုးမီးတောက်ထိန်၊ ဂုဏ်သိမ်မချို့၊ ဗလယသတို့နှင့် ပြည့်စုံ တော်မူသော ရှင်သီဝလိမဟာထေရ်အရှင်မြတ်ဘုရား။
တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ အရှင်ဘုရား၏ ဂုဏ်တော်အလီလီကို ဆင်ခြင်၍ ဤအိမ်ဂေဟာကို ကျောင်းအသွင်မှတ်ထင်လျက် ထက်ကောင်းကင် ဝေဟင်ခရီးမှ ဈာန်ဟုန်စီးကာ ကြွချီတော် မူပါ့အရှင်မြတ်ဘုရား။
သာသနာစောင့်ကြပ် လောကပါလ နတ်မင်းတို့၊ တပည့်တော်၏ စေတနာကို ထောက်ထား၍ လျှောက်ထားသူ၊ ထေရ်အရှင်ကြွချီရာ ဈာန်ခရီး၌၊ နတ်ထီးမိုးကာ ရိုးရာ ပတ္တလား၊ စောင်းညှင်းတူရိယာ စုံလင်စွာဖြင့်၊ ထက်ကောင်းကင်ဘုံဝေဟင်မှ၊ ဂုဏ်အင်ချီးကျူး နတ်သံမြူး၍ ပင့်ဆောင်ပေးတော်မူကြပါဘုရား။
ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ ၀ိဇ္ဇာဇော်ဂျီတပသီနှင့် သူရဿတီ စန္ဒီစသော ဒေ၀ီအပေါင်းတို့သည်၎င်း၊ နတ်မင်းကြီးလေးပါးနှင့်တကွ သာတာဂီရိ၊ ဟေမာဝတ ပုဏ္ဏက ဂုတ္တိယစသော (၂၄)ပါးသော နတ်စစ်သူကြီးတို့သည်၎င်း၊ တောစောင့်၊ တောင်စောင့် မြို့စောင့်၊ နယ်စောင့်၊ သာသနာစောင့်တို့သည်၎င်း၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုးတို့သည် ၄င်း၊ နတ်နဂါးမင်းအပေါင်းတို့သည်၎င်း၊ အတွင်း(၃၇)မင်း၊ အပြင်(၃၇)မင်းတို့သည်၎င်း၊ ဘ၀ ဆက်၊ ပဋ္ဌာန်းဆက်တို့သည်၎င်း ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။
လှူရန်
အုန်းတစ်လုံး၊ ငှက်ပျောသုံးဖီးဖြင့် ပွဲပြင်၍ လဘက်အသားသုံးယာ၊ သပြေပန်းတို့ဖြင့် လှူဒါန်းပါ။
၁။ သီဝလိစ မဟာထေရော၊ ဒေ၀မနုဿ ပူဇိတော
လာဘသက္ကာရဌာနေသု၊ အဂ္ဂပတ္တော ဇိတိနြေ္ဒာ
သောစမံ အနုပါလေသု၊ ဇိတံမေဒေတု သဗ္ဗဒါ။
၂။ သီဝလိစ မဟာထေရော၊ ဒေ၀မနုဿ ပူဇိတော
လာဘသက္ကာရဌာနေသု၊ အဂ္ဂပတ္တော မဟာပညော
သောစမံ အနုပါလေသု၊ ပညံမေဒေတု သဗ္ဗဒါ။
၃။ သီဝလိစ မဟာထေရော၊ ဒေ၀မနုဿ ပူဇိတော
လာဘသက္ကာရဌာနေသု၊ အဂ္ဂပတ္တော မဟာပုညော
သောစမံ အနုပါလေသု၊ ပုညံမေဒေတု သဗ္ဗဒါ။
၎။ သီဝလိစ မဟာထေရော၊ ဒေ၀မနုဿ ပူဇိတော
လာဘသက္ကာရဌာနေသု၊ အဂ္ဂပတ္တော မဟာလာဘော
သောစမံ အနုပါလေသု၊ လာဘံမေဒေတု သဗ္ဗဒါ။
၅။ သီဝလိစ မဟာထေရော၊ ဒေ၀မနုဿ ပူဇိတော
လာဘသက္ကာရဌာနေသု၊ အဂ္ဂပတ္တော မဟဗ္ဗလော
သောစမံ အနုပါလေသု၊ ဗလံမေဒေတု သဗ္ဗဒါ။
၆။ သီဝလိစ မဟာထေရော၊ ဒေ၀မနုဿ ပူဇိတော
လာဘသက္ကာရဌာနေသု၊ အဂ္ဂပတ္တော မဟာယသော
သောစမံ အနုပါလေသု၊ ယသံမေဒေတု သဗ္ဗဒါ။
၇။ သီဝလိစ မဟာထေရော၊ ဒေ၀မနုဿ ပူဇိတော
လာဘသက္ကာရဌာနေသု၊ အဂ္ဂပတ္တော ဇိတိနြေ္ဒာ
သောစမံ အနုပါလေသု၊ ဇိတံမေဒေတု သဗ္ဗဒါ။
၈။ သီဝလိစ မဟာထေရော၊ ဒေ၀မနုဿ ပူဇိတော
လာဘသက္ကာရဌာနေသု၊ အဂ္ဂပတ္တော ဣဒ္ဓိနြေ္ဒာ
သောစမံ အနုပါလေသု၊ ဣဒ္ဓိံမေဒေတု သဗ္ဗဒါ။
၉။ သီဝလိစ မဟာထေရော၊ ဒေ၀မနုဿ ပူဇိတော
လာဘသက္ကာရဌာနေသု၊ အဂ္ဂပတ္တော ဇနမ္ပိယော
သောစမံ အနုပါလေသု၊ ပိယံမေဒေတု သဗ္ဗဒါ။
၁၀။ သီဝလိစ မဟာထေရော၊ ဒေ၀မနုဿ ပူဇိတော
လာဘသက္ကာရဌာနေသု၊ အဂ္ဂပတ္တော မဟာတေဇော
သောစမံ အနုပါလေသု၊ တေဇံမေဒေတု သဗ္ဗဒါ။
Wednesday, July 8, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment