ကိလေသာအမိုက်အမှောင်ကို ဥာဏ်အလင်းဆောင်၍ အောင်မြင်ခြင်းရှိတော်မူသော မြတ်စွာဘုရား။
တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၉)ရက်တိုင်တိုင် တစ်နေ့(၉)ပတ်တိတိဖြင့် ၀ိဇ္ဇာအကျင့်မြတ်ကို ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ်ဘုရား။ ဤသစ္စာစကား သည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ ၀ိဇ္ဇာရှစ်သောင်း ဆရာအပေါင်းတို့သည်၎င်း၊ ၀ိဇ္ဇာဥာဏ် သိ ပညာရှိတို့သည်၎င်း၊ သူရဿတီ စန္ဒီစသော ဒေ၀ီအပေါင်းတို့သည်၎င်း၊ အရပ်လေးမျက်နှာ ၌ စောင့်ကြပ်ကြကုန်သော နတ်မင်းကြီးလေးပါးတို့သည်၎င်း၊ တောစောင့် တောင်စောင့် မြို့စောင့် နယ်စောင့် သာသနာစောင့်တို့သည်၎င်း၊ ဘ၀အထိုထို၌ တော်စပ်ကြသော ဆွေတော် မျိုးတော်တို့သည်၎င်း၊ သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။
ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။
အကျဉ်းပွါးနည်း
ဥုံ – ပု – ဒိ – အာ – ၀ိ – စေ – မ – ဒိ – ဣ တစ်ပုဒ်တစ်လုံး (၉) လုံး ပွါးပါ။
လှူရန် – ပွင့်သောပန်း
အကျယ်ပွါးနည်း
ပု - ပုဗ္ဗေနိဝါသ နုဿတိ ဥာဏံ သရဏံ ဂစ္ဆာမိ
ဒိ - ဒိဗ္ဗစက္ခု ဥာဏံ သရဏံ ဂစ္ဆာမိ
အာ - အာသဝေက္ခယ ဥာဏံ သရဏံ ဂစ္ဆာမိ
ဝိ - ၀ိပဿနာ ဥာဏံ သရဏံ ဂစ္ဆာမိ
စေ - စေတောပဋိယတ္တိ ဥာဏံ သရဏံ ဂစ္ဆာမိ
မ - မနောမယိဒ္ဓိ ဥာဏံ သရဏံ ဂစ္ဆာမိ
ဒိ - ဒိဗ္ဗသောတ ဥာဏံ သရဏံ ဂစ္ဆာမိ
ဣ - ဣဒ္ဓိ ၀ိဓ ဥာဏံ သရဏံ ဂစ္ဆာမိ
Wednesday, July 8, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment