Wednesday, July 8, 2009

သမ္ဗုဒ္ဓေတစ်ထောင် ကျင့်စဉ်

ဂင်္ဂါဝါဠု သဲစုမက ပွင့်ကြသီးသီး ဘုရားရှင်ကိုယ်တော်မြတ်တို့ဘုရား။

တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၉)ရက်တိုင်တိုင် တစ်နေ့ (၉)ပတ် (၂၈)လုံးတိတိဖြင့် သမ္ဗုဒ္ဓေ တစ်ထောင်အကျင့်မြတ်ကို ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ်ဘုရား။

ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ ဂင်္ဂါဝါဠုသဲစုမက ပွင့်ကြသီးသီး ဘုရားရှင်ကိုယ်တော်မြတ်တို့သည်၎င်း၊ ၀ိဇ္ဇာ ဇော်ဂျီ တပဿီနှင့် သူရဿတီ စန္ဒီစသော ဒေ၀ီ အပေါင်းတို့သည်၎င်း၊ တနင်္ဂနွေစသော ဂြိုဟ်မင်းတို့သည်၎င်း၊ စိတြ အဿဝဏီ ဘရဏီ စသော နက္ခတ်တာရာစောင့်တို့သည်၎င်း၊ နတ်မင်းကြီးလေးပါးနှင့်တကွ၊ သားတော် သမီးတော် ကြင်ယာတော်နှင့် မောင်းမမိဿံ ချွေရံသင်းပင်းတို့သည်၎င်း၊ သာတာဂီရိ၊ ဟေမာဝတ၊ ပုဏ္ဏက၊ ဂုတ္တိယဟုဆိုအပ်ကုန်သော အရှေ့အရပ်စောင့်ကြပ် နတ်စစ်သူကြီးတို့သည်၎င်း၊ ကာဠ၊ ဥပကာဠ၊ ဗိမ္ဗ၊ ဗိမ္ဗသေနဟုဆိုအပ်ကုန်သော တောင်အရပ်စောင့်ကြပ် နတ်စစ်သူကြီးတို့သည် ၄င်း၊ ဟရီရ ဟရဟရီရ၊ ပါပါ၊ ပိင်္ဂလဟုဆိုအပ်ကုန်သော အနောက်အရပ်စောင့်ကြပ် နတ်စစ်သူကြီးတို့သည်၎င်း၊ သံဃ သံဃုဋိမ၊ သုသူရ၊ ဥဂ္ဂတေဇဟုဆိုအပ်ကုန်သော မြောက်အရပ်စောင့်ကြပ် နတ်စစ်သူကြီးတို့သည်၎င်း၊ ဓရဋ္ဌ၊ ဓတရဋ္ဌ၊ သေဋ္ဌ၊ ကမ္ဗလဟုဆိုအပ် ကုန်သော အောက်အရပ်စောင့်ကြပ် နတ်စစ်သူကြီးတို့သည်၎င်း၊ စန္ဒ၊ သူရိယ၊ သိကြား၊ ဗြဟ္မာဟု ဆိုအပ်ကုန်သော အထက်အရပ်စောင့်ကြပ် နတ်ဒေ၀ါတို့သည်၎င်း၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုးတို့သည်၎င်း၊ တောစောင့် တောင်စောင့် မြို့စောင့် နယ်စောင့် သာသနာစောင့် တို့သည်၎င်း၊ အတွင်း(၃၇)မင်း၊ အပြင်(၃၇)မင်း တို့သည်၎င်း၊ ဘ၀ဆက် ပဋ္ဌာန်းဆက် သိုက်ဆက် ဓာတ်ဆက် နတ်ဆက်တို့သည်၎င်း၊ သက်သေအရာတည်ပါစေသား အရှင်မြတ် ဘုရား။

ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။

ပွါးနည်း


သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊

ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ၊

အပ္ပကာ ၀ါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ၊

တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ၊

နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပ္ပဒ္ဒဝေ၊

အနေကာအန္တရာယာပိ၊ ၀ိနဿန္တု အသေသတော။ ။

No comments:

Post a Comment