Wednesday, July 8, 2009

လေးဆယ့်ငါးရက်အချုပ် ကျင့်စဉ်

အေးချမ်းရာမှန် မြတ်နိဗ္ဗာန်သို့ ပို့ဆောင်တော်မူသော မြတ်စွာဘုရား။

တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၄၅)ရက်တိုင်တိုင် (၄၅)ရက်အကျင့်မြတ်ကို ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ်ဘုရား။

ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌၊ ဘုရားရဟန္တာ ပစ္စေကာနှင့် အဂ္ဂ သာဝက၊ မဟာသာဝက ရဟန္တာအရှင်မြတ်တို့သည်၎င်း၊ ရှင်သီဝလိ ရှင်ဥပဂုတ္တမထေရ်မြတ် တို့သည်၎င်း၊ ထွက်ရာပေါက်ဆရာတော်နှင့် ဘိုးတော်တို့သည်၎င်း၊ ၀ိဇ္ဇာရှစ်သောင်း ဆရာ အပေါင်းတို့သည်၎င်း၊ နတ်မင်းကြီးလေးပါးနှင့်တကွ (၂၄)ပါးသော နတ်စစ်သူကြီးတို့သည်၎င်း၊ ဘုမ္မစိုး ရုက္ခစိုး အာကာသစိုးတို့သည်၎င်း၊ တောစောင့် တောင်စောင့် မြို့စောင့် နယ်စောင့် သာသနာစောင့်တို့သည်၎င်း၊ ဘ၀ဆက် ပဋ္ဌာန်းဆက် သိုက်ဆက် နတ်ဆက်တို့သည်၎င်း သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။

ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။

ပွါးနည်း

၁။ ဥပသမာနုဿတိ (၁) ရက် (၄၅) ပတ်

၂။ ဒွိပဒုတ္တမ (၂) ရက် (၄၅) ပတ်

၃။ သရဏဂုံ (၃) ရက် (၄၅) ပတ်

၎။ နတ်မင်းကြီးလေးပါး (၄) ရက် (၄၅) ပတ်

၅။ ပဉ္စစက္ခု (၅) ရက် (၄၅) ပတ်

၆။ ဘုန်းတော်ခြောက်ပါး (၆) ရက် (၄၅) ပတ်

၇။ သတ္တဌာန (၇) ရက် (၄၅) ပတ်

၈။ ၀ိဇ္ဇာ (၈) ရက် (၄၅) ပတ်

၉။ န၀င်း (၉) ရက် (၄၅) ပတ်

No comments:

Post a Comment