Wednesday, July 8, 2009

ရှင်ဥပဂုတ္တ ကျင့်စဉ်

ဘုန်းတော်အနန္တ ဥာဏ်တော်အနန္တ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၁၀)ရက်တိုင်တိုင် အရှင်ဘုရား၏ တပည့်သာဝကတို့တွင် မာရ်နတ် ရန်ကိုချိုးနှိမ်၊ ဘုန်းရှိန်ကြီးမားသော ရှင်ဥပဂုတ္တမထေရ်မြတ်၏ ဂုဏ်ကျေးဇူး၊ ချီးကျူးဘွယ်ရာ အဖြာဖြာတို့ကို သီဆိုကျူးရင့် ဆွမ်းဘောဇဉ် ချိုချဉ်ရသာအဖြာဖြာတို့ကို ဆက်ကပ်လှူဒါန်း ခြင်းကို နေ့စဉ်ပြုလုပ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ်ဘုရား။

ဘေးအမျိုးမျိုး၊ ရန်အသွယ်သွယ်၊ ကြမ္မာမျိုးစုံ ဒုက္ခအဖုံဖုံကို ပေးတတ်သော မာရ်နတ်ယုတ်အား တန်ခိုးခြင်းယှဉ်ပြိုင်၊ ဓားမိုး၊ လှံမိုး၊ သူကကိုင် မထေရ်ကိုယ်တိုင် ကာကွယ် ပေး ရန်တစ်ချက်အေးခဲ့ပြီး၊ နွားနှင့်ယှဉ် ကျားနှင့်လိုက်၊ မာရ်နတ်မိုက်ရှုံးပြန်၊ ဘီလူးသဏ္ဍာန် နှင့်လိုက် မာရ်နတ်မိုက်ရှုံးပြန်၊ ဘီလူးသဏ္ဍာန်ပြောင်းတိုက်၊ ထို့ထက်ကြီးသည့်ကိုယ်နှင့်လိုက်၊ ဘယ်လိုပင်တိုက်တိုက် အရှုံးပေါ်မာရ်နတ်ခမျာ ခွေးသေကောင်လည်မှာစွပ်၍ နောက်ဆုံး အနိုင်ယူသော ထေရ်မဟာအကျော် ရှင်ဥပဂုတ္တကိုယ်တော်မြတ်ဘုရား။

တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ အရှင်ဘုရား၏ ဂုဏ်တော်အလီလီကို ဆင်ခြင်၍ ဤအိမ်ဂေဟာကို ကျောင်းပြသာဒ်အသွင် မှတ်ထင်လျက် တောင်သမုဒ္ဒရာ ရေဇလာမှ ဝေဟင်မှာဈာန်ဟုန်စီး၍ နတ်ခရီးဖြင့် ကြွချီတော်မူပါ့ အရှင်မြတ်ဘုရား။

သာသနာစောင့်ကြပ် လောကပါလ နတ်မင်းများနှင့် ၀ိရူပက္ခ၊ ဧရာပထ၊ ကဏှာဂေါတမ ဆဗျာပုတ္တ နတ်နဂါးမင်းတို့ဘုရား၊ တပည့်တော်၏စေတနာကို ထောက်ထား၍ လျှောက်ထားသူ ထေရ်အရှင် ကြွချီရာ လမ်းခရီး၌ ရေမယ်တော် မကိမေခလာကို အဦးပြုလျက် လင်္ကျာမှ နဂါးပျိုတော် (၇)ဦး၊ လက်ဝဲမှ နဂါးပျိုတော် (၇)ဦး ရေစင်ထူးပက်ဖြန်း၍ အထက်လမ်း က နတ်ဒေ၀ါတွေရယ်၊ ကြည်သာအေးမြစွာဤသို့နေစဉ် ဒါနသီလဘာဝနာအလုပ်ကို ပြုလုပ်ပါမည်ဟု ဆိုအပ်သော သစ္စာစကား သည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ ထွက်ရာပေါက်ဆရာတော်နှင့် ဘိုးတော်တို့သည်၎င်း၊ ၀ိဇ္ဇာဇော်ဂျီတပသီနှင့် သူရဿတီ စန္ဒီစသော နတ်ဒေ၀ီအပေါင်းတို့သည်၎င်း၊ နတ်မင်းကြီး လေးပါးနှင့်တကွ (၂၄)ပါးသော နတ်စစ်သူကြီးတို့သည်၎င်း၊ နဂါးမင်းလေးပါးနှင့်တကွ ကုမ္ဘဏ်ယက္ခ အသူရာတို့သည်၎င်း၊ ရေငန်ပိုင်ဦးရှင်ကြီးနှင့် အခြံအရံတို့သည်၎င်း၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုးတို့သည်၎င်း၊ မြို့စောင့်၊ နယ်စောင့်၊ တောစောင့်၊ တောင်စောင့်၊ သာသနာစောင့်တို့သည်၎င်း၊ အတွင်း(၃၇)မင်း၊ အပြင်(၃၇)မင်းတို့သည်၎င်း သက်သေအရာ တည်ပါစေသားအရှင်မြတ်ဘုရား။

ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။

လှူရန်

အုန်းတစ်လုံး၊ ငှက်ပျောသုံးဖီး၊ ကွမ်း၊ ဆေး၊ လဘက်တို့ဖြင့် ပွဲပြင်၍ လှူပါ။

ပွါးနည်း

၁။ ဥပဂုတ္တော မဟာထေရော၊ သမ္ဗုဒ္ဓေနာပိဗျာကတော

မာရဉ္စ မာရဗန္ဓဉ္စ၊ ဒမေဿတိ အနာဂတေ။

၂။ ဥပဂုတ္တော မဟာဝီရော၊ သမ္ဗုဒ္ဓေနာပိဗျာကတော

မာရဉ္စ မာရဗန္ဓဉ္စ၊ ဒမေဿတိ အနာဂတေ။

၃။ တာဒိသောစထေရောသဗ္ဗ၊ အန္တရာယ၀ိဓံသတံ၊

ယံယံ ဥပ္ပဒ္ဓ၀ံဇာတံ၊ ၀ိဓံသေသု အသေသတော။

၎။ အာဂတော ဒါနိသောထေရော၊ မမသီသေပတိဋ္ဌိတော၊

မာရေနဇနိတံသဗံ္ဗ၊ အန္တရာယ ၀ိဓံသတံ။

၅။ ၀န္ဒာဟံ သိရသာဒါနိ၊ ဥပဂုတ္တံ မဟိဒ္ဓိကံ

သဗ္ဗရောဂါ ၀ိရောဓာယ၊ ပရိတ္တံ ဒေတုမင်္ဂလံ။

No comments:

Post a Comment