သတ္တ၀ါတို့၏ အားထားမှီခိုရာ လဲလျောင်းရာဖြစ်တော်မူသော မြတ်စွာဘုရား။
တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ တစ်နေ့လျှင် (၈)ပတ်တိတိဖြင့် (၉)ရက်တိုင်တိုင် သရဏဂုံ အကျင့်မြတ် နှင့် ၀ိဇ္ဇာအကျင့်မြတ်ကို ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ် ဘုရား။
ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ ဘုရား၊ ရဟန္တာ၊ ပစ္စေကာနှင့် အဂ္ဂသာဝက၊ မဟာသာဝက၊ ရဟန္တာအရှင်မြတ်တို့သည်၎င်း၊ ထွက်ရပ်ပေါက်ဆရာတော်နှင့် ဘိုးတော်တို့သည်၎င်း၊ ၀ိဇ္ဇာဇော်ဂျီ တပသီနှင့် သူရဿတီ စန္ဒီစသော ဒေ၀ီအပေါင်းတို့သည် ၄င်း၊ နတ်မင်းကြီးလေးပါးနှင့်တကွ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုးတို့သည်၎င်း၊ မြို့စောင့် နယ်စောင့် သာသနာစောင့်တို့သည်၎င်း၊ အတွင်း(၃၇)မင်း အပြင်(၃၄)မင်းတို့သည်၎င်း သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။
ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။
ပွါးနည်း
၁။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ (တစ်လုံးပွါးပါ။)
၂။ ဓမ္မံ သရဏံ ဂစ္ဆာမိ (တစ်လုံးပွါးပါ။)
၃။ သံဃံ သရဏံ ဂစ္ဆာမိ (တစ်လုံးပွါးပါ။)
ဥုံ – ပု – ဒိ – အာ – ၀ိ – ဝေ – မ – ဒိ – ဣ
« တစ်ပုဒ်တစ်လုံး (၉) လုံးပွါးပါ။ »
မှတ်ချက်
သရဏဂုံ (၃) ပတ်၊ ၀ိဇ္ဇာ (၅) ပတ်ပွါးပါ။
Wednesday, July 8, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment