Wednesday, July 8, 2009

ပဉ္စစက္ခု ကျင့်စဉ်

ဘုန်းရောင်ကံရောင် သဒ္ဓါရောင်တို့ နေရောင် လရောင်ထွန်းတောက်တော်မူသော မြတ်စွာဘုရား။

တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၉)ရက်တိုင်တိုင် တစ်နေ့ (၉)ပတ်တိတိဖြင့် ပÍ္စစက္ခုအကျင့်မြတ်ကို ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ်ဘုရား။

ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ အသိဥာဏ်မြင့်ဘုရားရှင်တို့နှင့် တကွ၊ ရဟန္တာအရှင်မြတ်ကြီးတို့သည်၎င်း၊ ထွက်ရာပေါက်ဆရာတော်နှင့် ဘိုးတော်တို့သည် ၄င်း၊ သူရဿတီစန္ဒီစသော ဒေ၀ီအပေါင်းတို့သည်၎င်း၊ နတ်မင်းကြီးလေးပါးနှင့်တကွ (၂၄)ပါး သော နတ်စစ်သူကြီးတို့သည်၎င်း၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုးတို့သည်၎င်း၊ တောစောင့်၊ တောင်စောင့်၊ မြို့စောင့်၊ နယ်စောင့်၊ သာသနာစောင့်တို့သည်၎င်း၊ အတွင်း(၃၇)မင်း၊ အပြင် (၃၇)မင်းတို့သည်၎င်း၊ သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။

ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။

ပွါးနည်း

၁။ ဗုဒ္ဓစက္ခုမေ သြဘာသတု ဒိဗ္ဗတု ၀ိရောစတု

၂။ ဓမ္မစက္ခုမေ သြဘာသတု ဒိဗ္ဗတု ၀ိရောစတု

၃။ သမန္တစက္ခုမေ သြဘာသတု ဒိဗ္ဗတု ၀ိရောစတု

၎။ ဒိဗ္ဗစက္ခုမေ သြဘာသတု ဒိဗ္ဗတု ၀ိရောစတု

၅။ ပညာစက္ခုမေ သြဘာသတု ဒိဗ္ဗတု ၀ိရောစတု

လှူရန်

- စက္ကူပန်း

No comments:

Post a Comment