အရဟံအစ ဘဂ၀ါအဆုံး ဂုဏ်တော်ကိုးပါးလုံးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၉)ရက်တိုင်တိုင် တစ်နေ့(၉)ပတ်တိတိဖြင့် ဗုဒ္ဓါနုဿတိ အကျင့်မြတ် ကို ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ်ဘုရား။
ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ ဘုရား ရဟန္တာ ပစ္စေကာနှင့် အဂ္ဂသာဝက မဟာသာဝက ရဟန္တာအရှင်မြတ်ကြီးတို့သည်၎င်း၊ ထွက်ရာပေါက်ဆရာတော် နှင့် ဘိုးတော်တို့သည်၎င်း၊ သူရဿတီ စန္ဒီစသော ဒေ၀ီအပေါင်းတို့သည်၎င်း၊ နတ်မင်းကြီး လေးပါးနှင့်တကွ (၂၄)ပါးသော နတ်စစ်သူကြီးတို့သည်၎င်း၊ ဘုမ္မစိုး ရုက္ခစိုး အာကာသစိုး တို့သည်၎င်း၊ တောစောင့် တောင်စောင့် မြို့စောင့် နယ်စောင့် သာသနာစောင့်တို့သည်၎င်း၊ ဘ၀ဆက် ပဋ္ဌာန်းဆက် ဓာတ်ဆက် နတ်ဆက်တို့သည်၎င်း၊ သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။
ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။
ပွါးနည်း
၁။ အရဟံ
၂။ သမ္မာသမ္ဗုဒ္ဓေါ
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော
၎။ သုဂတော
၅။ လောက၀ိဒူ
၆။ အနုတ္တရောပုရိသဒမ္မသာရထိ
၇။ သတ္ထာဒေ၀ မနုဿာနံ
၈။ ဗုဒ္ဓေါ
၉။ ဘဂ၀ါ
မှတ်ချက် ။ ။ ဂုဏ်တော်ကိုးပါး တစ်ပါးတစ်ရက် ကိုးပတ်စိတ်ပါ။
Wednesday, July 8, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment