ဘုန်းတော်အနန္တ၊ ဥာဏ်တော်အနန္တ၊ ကံတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာ ဘုရား။
တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၉)ရက်တိုင်တိုင် ဘုန်းတော်(၆)ပါး အကျင့်မြတ်ကို တစ်နေ့လျှင် (၉)ပတ်တိတိ ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ်ဘုရား။
ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ ဘုရားရဟန္တာပစ္စေကာနှင့် အဂ္ဂသာဝက မဟာသာဝက ရဟန္တာအရှင်မြတ်ကြီးတို့သည်၎င်း၊ ထွက်ရာပေါက်ဆရာတော် နှင့် ဘိုးတော်တို့သည်၎င်း၊ နတ်မင်းလေးပါးနှင့်တကွ သာတာဂီရိ ဟေမာဝတစသော နတ်သိကြား ဗြဟ္မာတို့သည်၎င်း၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုးတို့သည်၎င်း၊ တောစောင့်၊ တောင်စောင့်၊ မြို့စောင့်၊ နယ်စောင့်၊ သာသနာစောင့်တို့သည်၎င်း၊ အတွင်း(၃၇)မင်း၊ အပြင် (၃၇)မင်းတို့သည်၎င်း ဘ၀ဆက်ပဋ္ဌာန်းဆက်တို့သည်၎င်း၊ သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။
ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။
ပွါးနည်း
၁။ ဣဿရိယဿ နမတ္ထု။
၂။ ဓမ္မဿနမတ္ထု။
၃။ ယဿဿ နမတ္ထု။
၎။ သိရိဿ နမတ္ထု။
၅။ ကာမဿ နမတ္ထု။
၆။ ပယတ္တဿ နမတ္ထု။
Wednesday, July 8, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment