Wednesday, July 8, 2009

သီလာနုဿတိ ကျင့်စဉ်

စူဠသီလ မဇ္ဈိမသီလ မဟာသီလ စသည်အဖြာဖြာ မြတ်ဒေသနာကို ဖွေရှာဟောကြား ရှင်တော်မြတ်ဘုရား။

တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၉)ရက်တိုင်တိုင် တစ်နေ့(၉)ပတ်တိတိဖြင့် သီလာနုဿတိ အကျင့်မြတ်ကို ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ်ဘုရား။

ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ ဘုရားရဟန္တာ ပစ္စေကာနှင့် အဂ္ဂ သာဝကာ မဟာသာဝကာ ရဟန္တာအရှင်သူမြတ်ကြီးတို့သည်၎င်း၊ ထွက်ရာပေါက်ဆရာတော် ဘိုးတော်နှင့် အရိယာသူတော်စင်တို့သည်၎င်း၊ ၀ိဇ္ဇာဇော်ဂျီ တပသီနှင့် သူရဿတီ စန္ဒီစသော ဒေ၀ီအပေါင်းတို့သည်၎င်း၊ နတ်မင်းကြီးလေးပါးနှင့်တကွ (၂၄)ပါးသော နတ်စစ်သူကြီးတို့သည် ၄င်း၊ တောစောင့် တောင်စောင့် မြို့စောင့် နယ်စောင့် သာသနာစောင့်တို့သည်၎င်း၊ အတွင်း (၃၇)မင်း၊ အပြင်(၃၇)မင်းတို့သည်၎င်း၊ သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။

ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။

ပွါးနည်း

ငါးပါးသီလမှ မိမိစောင့်ထိန်းနိုင်သော သီလတစ်ပါးပါးကို ပွါးများအားထုတ်ပါ။

No comments:

Post a Comment