Wednesday, July 8, 2009

ဥပသမာနုဿတိ

အေးငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့ ပို့ဆောင်တော်မူသော မြတ်စွာဘုရား။

တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၉)ရက်တိုင်တိုင် တစ်နေ့(၉)ပတ်တိတိဖြင့် ဥပသမာနုဿတိ အကျင့်မြတ်ကို ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန် ပြုအပ်ပါသည် အရှင်မြတ်ဘုရား။

ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ ဘုရားရဟန္တာ ပစ္စေကာနှင့် အဂ္ဂ သာဝက၊ မဟာသာဝက၊ ရဟန္တာအရှင်မြတ်တို့သည်၎င်း၊ ရှင်သီဝလိ ရှင်ဥပဂုတ္တရဟန္တာ အရှင်မြတ်တို့သည်၎င်း၊ ထွက်ရာပေါက် ဆရာတော်နှင့် ဘိုးတော်တို့သည်၎င်း၊ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ၊ မန္တာန်ဝိဇ္ဇာ၊ ၀ိဇ္ဇာရှစ်သောင်း ဆရာအပေါင်းတို့သည်၎င်း၊ ဓတရဋ္ဌ၊ ၀ိရူဠှက၊ ၀ိရူပေက္ခ၊ ကုဝေရဟု ဆိုအပ်ကုန်သော နတ်မင်းကြီးလေးပါးတို့သည်၎င်း၊ သာတာဂီရိ၊ ဟေမာဝတ၊ ပုဏ္ဏက၊ ဂုတ္တိယဟုဆိုအပ်ကုန်သော အရှေ့အရပ်စောင့်ကြပ် နတ်မင်းကြီးတို့သည် ၄င်း၊ ကာဠ၊ ဥပကာလ၊ ဗိမ္ဗ၊ ဗိမ္ဗသေနဟုဆိုအပ်ကုန်သော အနောက်အရပ်စောင့်ကြပ် နတ်မင်းကြီးတို့သည်၎င်း၊ ဟရီရ၊ ဟရဟရီရ၊ ပါပ၊ ပိင်္ဂလဟုဆိုအပ်ကုန်သော တောင်အရပ် စောင့်ကြပ်နတ်မင်းကြီးတို့သည်၎င်း၊ သံဃ၊ သံဃုဋိမ၊ သုသူရ၊ ဥဂ္ဂနေဇဟု ဆိုအပ်ကုန်သော မြောက်အရပ်စောင့်ကြပ် နတ်မင်းကြီးတို့သည်၎င်း၊ ဓရဋ္ဌ၊ ဓတရဋ္ဌ၊ သေဋ္ဌ၊ ကမ္ဗလဟုဆိုအပ် ကုန်သော အောက်အရပ်စောင့်ကြပ် နတ်မင်းကြီးတို့သည်၎င်း၊ စန္ဒသူရိယ သိကြား ဗြဟ္မာဟု ဆိုအပ်ကုန်သော အထက်အရပ် စောင့်ကြပ်နတ်မင်းကြီးတို့သည်၎င်း၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုးတို့သည်၎င်း၊ တောစောင့်၊ တောင်စောင့်၊ မြို့စောင့်၊ နယ်စောင့်၊ သာသနာစောင့် တို့သည်၎င်း၊ အတွင်း(၃၇)မင်း၊ အပြင်(၃၇)မင်းတို့သည်၎င်း ဘ၀ဆက်ပဋ္ဌာန်းဆက် သိုက်ဆက် တို့သည်၎င်း၊ သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။

ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။

No comments:

Post a Comment