၁။ ရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရား၏၊ ဆံတော်၊ မုတ်ဆိတ်တော်၊ မျက်နှာတော် တခိုစ၍ထိုထို ညိုရောင်ဖိတ်ဖိတ်၊ ကိုယ်အင်္ဂါတော်အစိတ်စိတ်မှ၊ နီလာရွဲညို ဖဲအညိုနှင့် ကြာညိုပွင့်ချပ် မြညိုယပ်သို့ လျှပ်လျှပ်စိုပြောင် ညိုမောင်းသော ရောင်ခြည်တော်တို့ သည်၊ မြူးကွန့် လူးလွန့်၊ ကွန့်ကွန့်ထွက်လာ ရောင်တော်ဖြာဝင်း ညိုမောင်းသော ရောင်ခြည်တော်တို့သည်၎င်း။
၂။ ရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရား၏ အသားတော်၊ အရေတော်၊ မျက်နှာတော် မှစ၍ထွေထွေ၊ ရွှေရောင်ဖိတ်ဖိတ်၊ ကိုယ်အင်္ဂါတော်အစိတ်စိတ်မှ၊ ဇမ္ဗူရာဇ်သိင်္ဂီ၊ နရဏီ နှင့် ရွှေဆီအနှစ်၊ ရွှေသစ်သွန်းဟန် ရွှေရောင်ပန်းသို့ လျှံလျှံထိန်ဝေ ၀ါရွှေသော ရောင်ခြည်တော်တို့သည် မြူးကွန့် လူးလွန့် ကွန့်ကွန့်ထွက်လာ ရောင်တော်ဖြာဝင်း ၀ါရွှေသော ရောင်ခြည်တော်တို့သည်၎င်း။
၃။ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏ အသားတော်၊ အသွေးတော်၊ နှုတ်ခမ်းတော် မှစ၍ ထိုဤကိုယ်အလီလီမှ ကမ္ဘလာနီ သန္တာနီနှင့် ကြာနီပွင့်ချပ် ရောင်နီဟပ်သလို လျှပ်လျှပ်ထိန်ကြည် နီမြန်းသော ရောင်ခြည်တော်တို့သည် မြူးကွန့် လူးလွန့် ကွန့်ကွန့် ထွက်လာ ရောင်တော်ဖြာဝင်း နီမြန်းသော ရောင်ခြည်တော်တို့သည်၎င်း။
၎။ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏ သွားတော်မျက်ဖြူတော်၊ ဥနှလုံးတော် အရိုးတော်တို့မှစ၍ ဖွေးဖြူဖြူရောင်ဖိတ်ဖိတ် ကိုယ်အင်္ဂါတော်အစိတ်စိတ်မှ စိန်သား စိန်တောင် တိမ်ရောင်ဖြာဆင်း ရနံ့သင်းစုံ ကြက်ရုံးစံပယ် နန်းလယ်ခွါဖြူ ကြာဖြူအလား ဘော်သားငွေဆိုင်၊ ဂွမ်းဖြူခိုင်တို့ တုနှိုင်းပမာ၊ မယှဉ်သာအောင် ဖြူရောင်ခပင်း ရောင်ခြည်တော်အဆင်းတို့သည် မြူးကွန့် လူးကွန့် ကွန့်ကွန့်ထွက်လာ ရောင်တော် ဖြာဝင်း ဖြူသောရောင်ခြည်တော်တို့သည်၎င်း။
၅။ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏ အထက်ဆံတော်တစ်လျှောက် အောက်ခြေဖ၀ါးတော်တခိုစ၍ ထိုဤကိုယ်အလီလီမှ ထန်းကျင့်နီပစေး ပန်းရောင်သွေး
Wednesday, July 8, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment