အောင်သူတကာတို့၏ထွဋ်ဖူး၊ အောင်ပန်းဆွတ်ခူးတော်မူသော မြတ်စွာဘုရား တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၈)ရက်တိုင်တိုင် တစ်နေ့ (၈)ပတ်တိတိဖြင့် အောင်ခြင်းရှစ်ပါးအကျင့်မြတ်ကို ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ်ဘုရား။
ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ အောင်ခြင်းရှိကြကုန်သော ဘုရား ရဟန္တာ ပစ္စေကာနှင့် အဂ္ဂသာဝက မဟာသာဝက ရဟန္တာအရှင်မြတ်တို့သည်၎င်း၊ ရှင်သီဝလိ ရှင်ဥပဂုတ္တရဟန္တာအရှင်မြတ်ကြီးတို့သည်၎င်း၊ ထွက်ရာပေါက်ဆရာတော်နှင့် ဘိုးတော်တို့ သည်၎င်း၊ ဓတရဋ္ဌ ၀ိရူဠှက၊ ၀ိရူပက္ခ ကုဝေရစသော နတ်မင်းကြီးလေးပါးတို့သည်၎င်း၊ ကာဠ ဥပကာဠ၊ ဗိမ္ဗ ဗိမ္ဗသေန စသော တောင်အရပ်၌ စောင့်ကြပ်ကြသော နတ်စစ်သူကြီးတို့သည် ၄င်း၊ ဟရီရ ဟရဟရီရ ပါပ ပိင်္ဂလ စသော အနောက်အရပ် စောင့်ကြပ်နတ်စစ်သူကြီးတို့ သည်၎င်း၊ သံဃ သံဃုဠိမ သုသူရ ဥဂ္ဂတေဇ စသော မြောက်အရပ်စောင့်ကြပ် နတ်စစ်သူကြီး တို့သည်၎င်း၊ ဓရဋ္ဌ ဓတရဋ္ဌ သေဋ္ဌ ကမ္ဗလ စသော အောက်အရပ်စောင့်ကြပ် နတ်နဂါးတို့သည် ၄င်း၊ လနတ်သား နေနတ်သား သိကြား ဗြဟ္မာစသော အထက်အရပ်စောင့်ကြပ် နတ်စစ်သူကြီး တို့သည်၎င်း၊ ဘုမ္မစိုး ရုက္ခစိုး အာကာသစိုးတို့သည်၎င်း၊ တောစောင့် တောင်စောင့် မြို့စောင့် နယ်စောင့် သာသနာစောင့်တို့သည်၎င်း၊ အတွင်း(၃၇)မင်း၊ အပြင်(၃၇)မင်း တို့သည်၎င်း၊ ဘ၀ဆက် ပဋ္ဌာန်းဆက်တို့သည်၎င်း၊ သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။
ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။
ပွါးနည်း
၁။ မာရံ ဇိနောဇိတံ သောမံ ဇယံ ဒေတု သဗ္ဗဒါ
၂။ အာဠာဝကယက္ခံ ဇိနောဇိတံ သောမံ ဇယံ ဒေတု သဗ္ဗဒါ
၃။ နာဠာဂီရိံ ဇိနောဇိတံ သောမံ ဇယံ ဒေတု သဗ္ဗဒါ
၎။ အင်္ဂုလိမာလစောရံ ဇိနောဇိတံ သောမံ ဇယံ ဒေတု သဗ္ဗဒါ
၅။ စိဉ္စမာနံ ဇိနောဇိတံ သောမံ ဇယံ ဒေတု သဗ္ဗဒါ
၆။ သစ္စကပရိဗ္ဗာဇကံ ဇိနောဇိတံ သောမံ ဇယံ ဒေတု သဗ္ဗဒါ
၇။ နန္ဒောမနန္ဒနာဂံ ဇိနောဇိတံ သောမံ ဇယံ ဒေတု သဗ္ဗဒါ
၈။ ဗကဗြဟ္မံ ဇိနောဇိတံ သောမံ ဇယံ ဒေတု သဗ္ဗဒါ
လှူရန်
- အောင်သပြေပန်း
Wednesday, July 8, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment