Wednesday, July 8, 2009

သံဃာနုဿတိ ကျင့်စဉ်

ဂဏာဓိပတိ ဂဏုတ္တမ သံဃာ့ရာဇာဖြစ်တော်မူသော မြတ်စွာဘုရား။

တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၉)ရက်တိုင်တိုင် တစ်နေ့(၉)ပတ်တိတိဖြင့် သံဃာနုဿတိ အကျင့်မြတ် ကို ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ်ဘုရား။

ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌၊ ဘုရားရဟန္တာ အရိယာသူတော် စင်တို့သည်၎င်း၊ ၀ိဇ္ဇာဇော်ဂျီတပသီနှင့် သူရဿတီစန္ဒီစသော ဒေ၀ီအပေါင်းတို့သည်၎င်း၊ နတ်မင်းကြီးလေးပါးနှင့်တကွ၊ (၂၄)ပါးသော နတ်စစ်သူကြီးတို့သည်၎င်း၊ နဂါးမင်းလေးပါးနှင့် တကွ ကုမ္ပာန်ယက္ခတို့သည်၎င်း၊ တောစောင့် တောင်စောင့် မြို့စောင့် နယ်စောင့် သာသနာ စောင့်တို့သည်၎င်း၊ သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။

ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။

ပွါးနည်း

၁။ သုပ္ပဋိပ္ပန္နော ဘဂ၀တော သာဝကသံဃော

၂။ ဥဇုပ္ပဋိပ္ပန္နော ဘဂ၀တော သာဝကသံဃော

၃။ ဥာယပ္ပဋိပ္ပန္နော ဘဂ၀တော သာဝကသံဃော

၎။ သာမိစိပ္ပဋိပ္ပန္နော ဘဂ၀တော သာဝကသံဃော

၅။ အာဟုနေယျော

၆။ ပါဟုနေယျော

၇။ ဒက္ခိနေယျော

၈။ အဉ္ဇလီကရဏီယော

၉။ အနုတ္တရံ ပုညခေတ္တံ လောကဿ

မှတ်ချက် – တစ်ပါးလျှင် တစ်ရက်၊ တစ်ရက်လျှင် ကိုးပတ်စိပ်ပါ။

No comments:

Post a Comment