ရန်မျိုးဥဿုံ အလုံးစုံကို ကြွင်းကျန်မရှိ အပြီးတိုင်အောင် အောင်မြင်တော်မူသော မြတ်စွာ ဘုရား။ အရှင်မြတ်ဘုရား တပည့်တော် တပည့်တော်မ ( )နေ့သား/သမီးသည် ( - - ) နေ့မှစ၍ ကိုးရက်တိုင်တိုင် တစ်နေ့လျှင် ပုတီးပတ် ( )ပတ် တိတိဖြင့် ကပ်ကျော်အကျင့်မြတ် ပဋိပတ်ကို ကျင့်ကြံပွားများ အားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ် ပါသည် အရှင်မြတ်ဘုရား။
ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာစကားအရာ၌ သိကြားမင်း၊ ဗြဟ္မာမင်း၊ ဓဋ္ဌရဋ္ဌ ၀ိရူဠက ၀ိရူပေက္ခ ကုဝေရ နတ်မင်းကြီးလေးပါးတို့သည်၎င်း၊ ဆဗျာပုတ္တ ကဏှာဂေါတမ စသည့်အပြား နတ်နဂါးမင်းကြီးတို့သည်၎င်း၊ သာတာဂီရိ ဟေမာဝတ ပုဏ္ဏက ဂုတ္တိယ အစရှိသော နတ်စစ်သူကြီးတို့သည်၎င်း၊ ပထ၀ီနတ် တေဇောနတ် အာပေါနတ် ၀ါယောနတ် တို့သည်၎င်း၊ ၀ိဇ္ဇာ ဇော်ဂျီ တပဿီနှင့် သူရဿတီ စန္ဒီစသား ဒေ၀ီအများတို့သည်၎င်း၊ မြို့စောင့် နယ်စောင့် သာသနာစောင့် နတ်မင်းအပေါင်းတို့သည်၎င်း၊ အာကာသဇိုး ဘုမ္မစိုး ရုက္ခစိုး တို့သည်၎င်း၊ နဂါး ဂဠုန် ကုမ္ဘာန် ယက္ခ ဂန္ဓပ္ပတို့သည်၎င်း၊ ဘ၀ဆက် ပဋ္ဌာန်းဆက် သိုက်ဆက် ဓာတ်ဆက် နတ်ဆက်တို့သည်၎င်း၊ အတွင်း(၃၇)မင်း အပြင်(၃၇)မင်းတို့သည်၎င်း၊ ရွှေပေါက်ပင် ဘိုးဘိုး၊ မြသိန်းတန်ဒေ၀ီတို့သည်၎င်း သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။
ဤသစ္စာအဓိဋ္ဌာန် မကျိုးမပေါက်ခဲ့သော် (လိုသောဆု)နှင့် ပြည့်စုံရပါစေသား အရှင်မြတ် ဘုရား။
ပွားရန်
န.မော.တ.ဿ.ဘ.ဂ.၀.တော.အ.ရ.ဟ.တော.သ.မ္မာ.သ.မ္ဗု.ဒ္ဓ.ဿ
ဝ.မ္မာ.တ.ရ.ဒ္ခ.ဂ.သ.မော.အ.မ္ဗု.ဘ.တော.န.တော.သ.ဿ.ဟ.ဿ
သ.တော.တ.မ္ဗု.ဟ.ဂ.န.မ္မာ.အ.ဿ.ဒ္ဓ.တော.၀.မော.သ.ရ.ဘ.ဿ
န.မော.တ.ဿ.ဘ.ဂ.၀.တော.အ.ရ.ဟ.တော.သ.မ္မာ.သ.မ္ဗု.ဒ္ဓ.ဿ
ဿ.ဒ္ဓ.မ္ဗု.သ.မ္မာ.သ.တော.ဟ.ရ.အ.တော.၀.ဂ.ဘ.ဿ.တ.မော.န
န.မော.တ.ဿ.ဘ.ဂ.၀.တော.အ.ရ.ဟ.တော.သ.မ္မာ.သ.မ္ဗု.ဒ္ဓ.ဿ
မှတ်ချက်
ဤအဓိဋ္ဌာန်ပုတီးစိတ်ကို တစ်ပါးသူတို့အား ထိခိုက်နစ်နာလိုသောစိတ်၊ ပြစ်မှားလိုသော စိတ်တို့ဖြင့် လုံးဝမစိတ်ရ။ ကပ်ကြီးသုံးပါးအား ကျော်စေရန်အတွက် ရည်မှန်းပြီး မိမိ၏မွေးနေ့ မှစ၍ အသက်စေ့ပုတီးစိတ်ပါ။
Wednesday, July 8, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment