Wednesday, July 8, 2009

ဒေ၀တာနုဿတိ ကျင့်စဉ်

လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၊ မင်းမင်းဥက္ကဋ္ဌ၊ အနုတ္တရအကျော်၊ သဒ္ဓါတော်ကဲမောက် ထွန်းတောက်ဘုန်းလျှံ အကြောင်းရင်းခံ၍ ၀ိသုဒ္ဓိနတ်ဖြစ်တော်မူသော မြတ်စွာဘုရား။

တပည့်တော် ( )နေ့ သား/သမီးသည် ( ) ခုနှစ်၊ ( ) လ၊ ( ) ရက်နေ့မှစ၍ (၉)ရက်တိုင်တိုင် တစ်နေ့ (၉)ပတ်တိတိဖြင့် ဒေ၀တာနုဿတိ အကျင့်မြတ်ကို ပွါးများအားထုတ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုအပ်ပါသည် အရှင်မြတ်ဘုရား။

ဤသစ္စာစကားသည် မှန်ကန်ပါ၏။ ထိုသစ္စာအရာ၌ အသူရာ ဂန္ဓဗ္ဗ ကုမ္ဘာဏ် ယက္ခ တောစောင့် တောင်စောင့် မြို့စောင့် နယ်စောင့် သာသနာစောင့်တို့သည်၎င်း၊ ဘုမ္မစိုး ရုက္ခစိုး အာကာသစိုးတို့သည်၎င်း၊ (၂၄) ပါးသော နတ်စစ်သူကြီးများနှင့်တကွ နတ်မင်းကြီးလေးပါး တို့သည်၎င်း၊ သိကြား ဗြဟ္မာ ဒေ၀ီ (၇)ပါးတို့သည်၎င်း၊ ထွက်ရာပေါက်ဆရာတော်နှင့် ဘိုးတော် တို့သည်၎င်း၊ အတွင်း (၃၇)မင်း၊ အပြင်(၃၇)မင်းတို့သည်၎င်း သက်သေအရာတည်ပါစေသား အရှင်မြတ်ဘုရား။

ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား (လိုသောဆု) ပြည့်စုံပါစေသတည်း။

ပွါးနည်း

ယေ – ဟိ – သ – ဒ္ဓါ – ဒီ – ဟိ – သ မ္ပ – န္နာ – ဂ တာ – ဒေ ၀ါ – ဒေ – ၀ – တ္တံ – ဂ – တာ

တာ – ဒိ – သာ – ဂု – ဏာ – မ – ယိ – သ – န္တိ (၂၇) လုံး (၂၇ x ၄ = ၁၀၈)

No comments:

Post a Comment